Wednesday, August 24, 2016
Facebook pageထောင်နည်း
Facebook pageထောင်နည်း ''''''''''*********"""''''''*********''''''''''
ညီလေးတောင်းထားလို့ရေးပေးလိုက်ပြီနော်  ကျွန်တော်သိသလောက်လေးပြောပြမှာပါ facebook page ထောင်မယ်ဆိုရင် facebook settingsထဲကိုအရင်သွားလိုက်ပါနော် အောက်မှာပေးထားတဲ့ ပုံလေးတွေကြည့်ပြီးတစ်ဆင့်ချင်းစီသွားလိုက်ပါ
အဆင်ပြေပါစေ like ပေးခဲ့နော် ရေးရတာစိတ်ချမ်းသာတာပေါ့ ဟဲ ဟဲ
 ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာlike နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
မောင်ထွေး*ပျဉ်းမနား*
Thursday, August 18, 2016
ကမ္ဘာ့အံ့ဖွယ်(7)ပါး
ကမ္ဘာ့အံ့ဖွယ်(၇)ပါး
ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရေးသားခဲ့သူများမှာ သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်)Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှလွဲ၍ ယခုခေတ်၌ မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင်တွေ့ရှိနိုင်တော့သည်။ ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ် ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
ဘေဘီလုံမှ မိုးပျံဥယာဉ်(Hanging Gardens of Babylon)
အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)
Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)
ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)
အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
သမိုင်းကြောင်းအကျဉ်း
ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
ဂီဇာပိရမစ်ကြီးအား အီဂျစ်ဖာရို(ဘုရင်) ခူဖူး(khufu) က သူ၏ င်္သချိုင်းဂူအဖြစ် ဘီစီ၂၅၆၀တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုပိရမစ်ကြီးသည် ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးတွင် အစောဆုံးတည်ဆောက်ခဲ့သော အဆောက်အဦဖြစ်သည်။ ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါးတွင် ယနေ့အထိကျန်ခဲ့သော တစ်ခုတည်းသောအဆောက်အဦးလည်းဖြစ်သည်။ မဟာပိရမစ်ကြီးသည် ဂီဇာအရပ်တွင်ရှိသော ပိရမစ်ကြီးသုံးခုအနက်အကြီးဆုံးဖြစ်၍ ယခုခေတ် ကိုင်ရို(Cairo) မြို့အနီးတွင် ရှိသည်။ စတင်တည်ဆောက်ကာစက ပေပေါင်း၄၈၀ ခန့်ရှိသောလည်း ယခုအခါရာသီဥတုဒါဏ်ကြောင့် ပေအနည်းငယ်နိမ့်ဆင်း သွားခဲ့သည်။ လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အမြင့်ဆုံးအဖြစ် နှစ်ပေါင်းလေးထောင်ကျော် ဗိုလ်စွဲခဲ့သည်။ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးစာရင်းအတွက် မူလက အင်တာနက်၊ဖုန်းများမှတဆင့် မဲပေးခံခဲ့ရသော်လည်း အီဂျစ်အာဏာပိုင်များက ထိုကဲ့သို့မလုပ်သင့်ကြောင်းတားမြစ်ခဲ့သည့်အတွက် ခေတ်သစ်အံ့ဖွယ်ခုနစ်ပါးတွင် မပါဝင်ခဲ့ပေ။
ဘေဘီလုံမှမိုးပျံဥယျာဉ် (Hanging Gardens of Babylon)
အငြင်းပွားဖွယ်ရာများရှိသော်လည်း မိုးပျံဥယာဉ်နေရာသည် ယခုခေတ်အီရတ်(Iraq) နိုင်ငံရှိ ယူဖရေးတီး (Euphrates) မြစ်ကမ်းပါးတွင်တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ဘေဘီလွန်းနီးယန်းဘုရင် Nebuchadnezzar II မှသူ၏ နန်းတော်အတွင်းတွင် ဘီစီ၆၀၀ ခန့်ကတည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ ထိုဥယျာဉ်မှာ ဘုရင်က သူ၏ မိဖုရားကျေနပ်စေရန်အတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မိဖုရားသည် စိမ်းလန်းသော နယ်မြေဒေသမှလာသူဖြစ်၍ သူ၏နယ်မြေကိုလွမ်းဆွတ်နေသောကြောင့်ဘုရင်က တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ မိဖုရား၏ ဇာတိနယ်မြေမှာ Medes ဒေသဖြစ်၍ ယခုခေတ်နှင့် ဆိုလျင် အီရန်နိုင်ငံမြောက်ပိုင်းကို ဆိုလိုခြင်းဖြစ်သည်။ ဘေဘီလုံမိုးပျံဥယျာဉ်နှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များသည် ဂရိရာဇဝင်များ၌သာ အများဆုံး တွေ့ရသည်။ ဘေဘီလုံမှတ်တမ်းများတွင်မူ မည့်သည့်အသေးစိတ်မှတ်တမ်းမှ မတွေ့ရှိရပေ။
အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)
ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများကျင်းပရာဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနေသည် အိုလံပီယာမြို့တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင်တည် ရှိသည်။ ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က အပြီးအစီးထုလုပ်ခဲ့သည်။ ကျောက်စီထားသောရာဇနှင်တံကိုလက်တစ်ဖက်က ကိုင်၍ ပလ္လင်ပေါ်တွင်ထိုင်ကာ တစ်မြို့လုံးကိုမိုးကြည့်နေဟန် ထုလုပ်ခဲ့ခြင်းဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်မြင့်ကာ လက်တစ်ဖက်တွင် ရာဇနှင်တံကို ကိုင်ထားပြီး နောက်လက်တစ်ဖက် ပေါ်တွင် အောင်မြင်ခြင်းကို ကိုယ်စားပြုသော နတ်ဘုရားမရုပ်တုကို တင်ထားသည်။ အဆိုပါ ရုပ်တုနှင့် နှင်တံများကို ဆင်စွယ်နှင့် အခြားအဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားသည်။ အေဒီ ၃၉၁ တွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ တရားဝင်ဘာသာဖြစ်လာပြီးနောက်ပိုင်း နတ်ဘုရားများ ကိုးကွယ်ခြင်းကို ပိတ်ပင်တားစီးခဲ့သောကြောင့် ရုပ်တုရှိရာ ဘုရားကျောင်းကိုလည်း ပိတ်ပစ်လိုက်ရသည်။ ဘုရားကျောင်းနှင့်တကွရုပ်တုပါ ဖျက်စီးခံခဲ့ရသည်၊ ကွန်စတန်တီနိုပယ်(Constantinople) ယခု တူရကီနိုင်ငံ အစ္စတန်ဘူလ်(Istanbul) သို့ရုပ်တုကို သီးသန့်ယူသွား၍ မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သမိုင်းပညာရှင်များ အမျိုးမျိုးအငြင်းပွားခဲ့ကြသည်။
Ephesus ရှိအာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
ဂရိနတ်ဘုရားမ အာသီးမိ(စ)(Artemis) အားပူဇော်သောအားဖြင့် တည်ဆောက်ခဲ့သော ကြီးမားသည့် စကျင်ကျောက် ကျောင်းတော်ကြီးဖြစ်သည်။ ဘီစီ ၅၅၀ ခန့်က Ephesus ယခုSelçuk အရပ် (တူရကီ) တွင်တည်ရှိခဲ့ခြင်းဖြစ်သည်။ ပေ ၆၀ ခန့်မြင့်သော တိုင်လုံးပေါင်း ၁၂၀ ပါဝင်ပြီး အလွန်လှပသော အနုပညာ လက်ရာများဖြင့်ထုံမွှမ်းထားသည်။ ထိုအနုပညာလက်ရာများတွင် အမေဇုံစစ်သည်များ၏ ကြေးရုပ်တုများလည်းပါဝင်သည်ဟု ဆိုကြသည်။ အမေဇုံစစ်သည်များသည် ဒဏ္ဍာရီဆန်သော အမျိုးသမီးစစ်သည်များကို ဆိုလိုသည်။ Herostratus ဆိုသောလူတစ်ယောက်မှ နာမည်ကြီးလိုသောကြောင့် ၃၅၆ ဘီစီတွင် ဘုရားကျောင်းအားမီးရှို့ဖျက်စီး ခဲ့သည်ဟုဆိုသည်။ ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အေဒီ ၂၆၂ တွင်ဂေါ့(သ်)(Goths) မျိုးနွယ်များ၏ ဖျက်စီးမူ့ ကိုခံခဲ့ရပြီး အေဒီ ၄၀၁ တွင် ကွန်စတန်တီနိုပယ်(Constantinople) သာသနာပိုင်Saint John Chrysostom ၏အမိန့် ဖြင့် ခရစ်ယာန်များ၏ ဖျက်စီးခြင်းကိုခံခဲ့ရသည်။ ယခုအခါ ဘုရားကျောင်းပြန်လည်တူးဖေါ်ရေး ဖောင်ဒေးရှင်း များဖွဲ့၍ ပြန်လည်တူးဖေါ်ခြင်းများပြုလုပ်နေသည်။
Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး
(Mausoleum of Maussollos at Halicarnassus)
Halicarnassus အရပ် (ယခုခေတ်တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ) ရှိ ထင်ရှားသော င်္သချိုင်းဂူမှာ ဘီစီ ၃၇၀ နှင့်၃၅၀ ကြားတွင် ဘုရင် Maussollos အတွက်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဒဏ္ဍာရီဇာတ်လမ်းများ အရ ဘုရင် Maussollos က သူ၏မိဖုရား Artemisia II မှ သူနှင့် သူတို့၏ အချစ်အား သတိရနေစေရန်တည်ဆောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ Maussollos သည် ပါရှန်းအင်ပါယာမှ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး သူ၏ ကျော်ကြားသောသင်္ချိုင်းဂူမှတဆင့် Mausoleum(သင်္ချိုင်းဂူ) ဟူသောစကားလုံးဆင်းသက်လာခဲ့သည်။ ဂူအဆောက်အဦးမှာ ပေ ၁၂၀ ရှည်လျားပြီး ပေ၁၄၀ မြင့်သည်။ သင်္ချိုင်းဂူသည် လှပသော ဗိသုကာလက်ရာများကြောင့် အလွန်ပင်ထင်ရှားသည်။ အလယ်တွင် ရွှေချထားသော ခေါင်းတလားမြုပ်နှံထားသောအခန်းရှိပြီး ပန်းကနုတ်များ၊ ပန်းဆွဲများဖြင့် နံရံများတွင် ခြယ်သထားသည်။ ထိုဂူ အဆောက်အဦအား ဂရိဗိသုကာ လေးယောက်မှတည်ဆောက်ပေးခဲ့ကြခြင်းဖြစ်သည်။ ဂူအဆောက်အဦသည် ၁၅ ရာစုအစောပိုင်းထိ တည်ရှိနေခဲ့သော်လည်း ခရစ်ယာန် ခရူးဆိတ် စစ်သည်များမှ ရဲတိုက်သစ်ဆောက်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ ယူရာမှ ပျက်စီးခဲ့ရသည်။ မပျက်စီးပဲကျန်ရစ်ခဲ့ သော ကနုတ်ပန်းနှင့် အလှတန်ဆာ တစ်ချို့အား ယခုအခါ လန်ဒန် ရှိ ဗြိတိသျှပြတိုက်တွင် တွေ့ရှိနိုင်သည်။
ရိုဒတ်(စ)မှကျောက်ရုပ်တုကြီး (Colossus of Rhodes)
ဘီစီ ၂၈၂ တွင်တည်ဆောက်ပြီးစီးကာ ၁၂ နှစ်ကြာမျှ အချိန်ယူတည်ဆောက်ခဲ့ရသော ကျောက်ရုပ်တုကြီးသည် ၅၆ နှစ်အကြာတွင် ငလျင်ဒဏ်ကြောင့် ဒူးခေါင်းနေရာထိ ပြိုကျပျက်စီးခဲ့သောကြောင့် ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး တွင် သက်တမ်းအနည်းဆုံးအဖြစ်တည်ရှိခဲ့သော ကျောက်ရုပ်တုကြီးဖြစ်သည်။ ကျွန်းစောင့်နတ်ဘုရားဖြစ်သော ဂရိနေနတ်ဘုရား Helios အားကိုယ်စားပြုတည်ဆောက်ထားသော ထိုရုပ်တုကြီးသည် ကျောက်တုံး၊သံသတ္တုများ ဖြင့်ဖွဲ့စည်းထားပြီး အပြင်ဘက်ပိုင်းအား ကြေးဝါသတ္တုဖြင့် ဖုံးလွှမ်းထားသည်။ ကျောက်ရုပ်တုကြီးသည် ပေပေါင်း ၁၁၀ ခန့်မြင့်သောကြောင့် ရှေးဟောင်းရုပ်တုများအနက် အမြင့်ဆုံးရုပ်တုကြီး ဟုခေါ်ဆိုနိုင်ပေသည်။ မက်စီဒိုးနီးယား (Macedonia) သြဇာအာဏာကို တွန်းလှန်နိုင်ခဲ့သော မြို့ပြနိုင်ငံသုံးခု၏ ပေါင်းစည်းခြင်းအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
ထိုမီးပြတိုက်သည် ရှေးဟောင်းကမ္ဘာမှအံ့ဖွယ်ခုနစ်ပါးတွင် လက်တွေ့အသုံးကျသည့် တစ်ခုတည်းသောအဆောက် အဦဖြစ်သည်။ အီဂျစ်ဆိပ်ကမ်းမြို့တော် အလက်ဇန်းဒီးယားတွင် အချက်ပြမီးရောင်အဖြစ် သဘောင်္များအတွက် အန္တရာယ်ကင်းစေရန် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖာရိုး(စ်) (Pharos) ကျွန်းငယ်လေးပေါ်တွင် ဘီစီ ၂၈၅မှ ၂၄၇ အတွင်းတည်ဆောက်ခဲ့သော ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ်နှစ်ပေါင်းများစွာ မှတ်တမ်းဝင်ခဲ့သည်။ ခန့်မှန်းချေအားဖြင့်ပေပေါင်း ၃၈၄ပေ နီးပါးရှိသော ထိုအဆောက်အဦးသည် ယခုခေတ်နှင့်ဆိုလျင် အထပ်၄၀ ခန့်ရှိသော အဆောက်အဦးတစ်လုံးနီးပါးရှိသည်။ မီးပြတိုက်အား ညအခါတွင် မီးထွန်းထားပြီး၊ နေ့အခါတွင် ပြောင်လက်နေသော ကြေးဝါပြားများမှတစ်ဆင့် နေရောင် ပြန်စေပြီး သဘောင်္များအား လမ်းပြကူညီခဲ့သည်။ ထိုမီးပြတိုက်မှ ထွက်သောအလင်းရောင်အား ပတ်ဝန်းကျင် ၃၅ မိုင်အကွာအဝေးမှ မြင်ရသည်ဟုဆိုကြသည်။ အဆိုပါ ကြီးမားသော မျှော်စင်မီးပြတိုက်ကြီးသည် အေဒီ ၁၃၀၃ နှင့် ၁၃၂၃ တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများ ကြောင့် ပျက်စီးခဲ့ရသည်။ မပျက်စီးခင် နှစ်ပေါင်း ၁၅၀၀ ကျော်နီးပါးလုံးတွင် မက်ဒီတာရီယန် ကမ်းခြေမှအလင်းရောင် ကြီးအဖြစ် သဘောင်္များအားကူညီပေးခဲ့သည်။
Credit - Worldhistory
Wednesday, August 17, 2016
မြန်မာ့ဆေးဖက်ဝင် နွားမြေရင်းပင် ခေါ် ၀က်မြက်ညိုပင်နွားမြက်ရင်း
မြန်မာ့ဆေးဖက်ဝင် နွားမြေရင်းပင် ခေါ် ၀က်မြက်ညိုပင်နွားမြက်ရင်း
•••••••••••••••••••••••••••••••••••••••••••••••
(ဆောင်းပါး ၂ ပုဒ် ပေါင်းစည်းထားပါသည်
 မှတ်စု)
မြန်မာ့ဆေးဖက်ဝင်အပင်များ
Item Name -------- Annie’s lace ( နွားမြေရင်းပင် ခေါ် ၀က်မြက်ညိုပင်)
Category ----------- Raw Material
Botany Term ------- Cyperus scariosus Br
Species Family ----- Cyperaceae
ရေကြိုက်ပင် ဖြစ်သည့် အလျောက် ရေစပ်၊ ကမ်းစပ် တို့တွင် ပေါက်ရောက်၏။သဘာဝ အလျောက် ပေါက်ရောက်သည်။
အပင်
ပင်ပျော့ ပင်ငယ် မျိုးဖြစ်၏။ အမြင့် ၃ ပေ ခန့် ရှိ၏။ ပင်စည် သုံးမြှောင့် ပုံရှိ၍ ခေါင်းပွ ဖြစ်ပြီး သေးငယ် ပြောင်ချော သည်။ တစ်ပင် တည်းကဲ့သို့ စုပြုံ၍ ပေါက်၏။
အရွက်
ပင်စည် ထိပ်ပိုင်း၌ အရွက်များ စုရုံး ပတ်ဝိုင်း၍ ထွက်သည်။ ရွက်ပြား သေးသွယ် ရှည်လျားသည်။ ရွက်ရင်း ၀ိုင်းပြီး ပင်စည်ကို ကုပ်ပတ်ထား၏။ ရွက်ဖျား ချွန်၏။ ရွက်လယ်ကြော ထင်ရှား၏။ ရွက်ပြား နှင့် ရွက်နား ရှိသည်။
အပွင့်
ထိပ်ထွက် ပန်းခိုင် ဖြစ်၏။ အပွင့် အလွန် သေးငယ်၍ ညိုခြောက် ရောင်ရှိ၏။
အသီး
အလွန် သေးငယ်သည်။ ရှည်မျော မျောပုံရှိ၏။
အမြစ်
အမြစ် သည် အပြင်ဘက် တွင် နက်၍ အတွင်းသား နီကြန်ကြန် ရှိ၏။
► အသုံးဝင်ပုံ
ဥမြစ်ခေါင်း။
အာနိသင်
မြန်မာဆေးကျမ်း များအလို အရ နွားမြေရင်း သည် စပ်ဖျဉ်းဖျဉ်း ရှိ၏။ ဖန်၏။ အေး၏။ သလိပ် ကို ကြေစေသည်။ သည်းခြေနာ၊ အဖျားရောဂါ၊ ၀မ်းရောဂါ တို့ကို ပျောက်ကင်း စေ၏။ နှုတ်မမြိန်ခြင်း၊ ရေငတ်ခြင်း၊ ပူလောင်ခြင်း၊ ပန်းနာ ရင်ကျပ် များ ကင်းဝေး စေနိုင်၏။ ချွေးထွက်စေ တတ်သော၊ ဆီးရွှင်စေ တတ်သော၊ ဓာတ်ချုပ်စေ တတ်သော အစွမ်း သတ္တိ များရှိ၏။
► ဥမြစ်ခေါင်းအသုံးပြုပုံ
၁။ နွားမြေရင်း ခေါင်းကို သလိပ်ပုပ် ရောဂါ၊ ဆီးပုပ် ရောဂါ တို့၌ သုံး၏။
၂။ နွားမြေရင်း ခေါင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာရင်းတွင် ရှိသော အဖု အပိမ့် များပျောက် ၏။
၃။ နွားမြေရင်း ကို လျှာပွတ်ဆေး အဖြစ် လည်းကောင်း ၊ သူငယ်နာ ဆေး အဖြစ် လည်းကောင်း သုံး၏။
၎။ နွားမြေရင်း ခေါင်းကို သွေးလိမ်းက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်း နှင့် နူနာ ဖြစ်စရောဂါ ရေယုန်၊ ၀ဲစို ၀ဲခြောက် ရောဂါ တို့ ပျောက်၏။
၅။ နွားမြေရင်း ခေါင်းကို သွေး၍ ဆားအနည်း ငယ်ထည့်သောက် ပါက အဆိပ်ရောဂါ၊ အစားမှား ဆေးမှား ရောဂါ တို့ကို ပျောက်စေ၏။
၆။ မြွေနှင့် ဂျက်ကိုက်ခြင်း အတွက် နွားမြေရင်း ခေါင်းကို သွေး၍ တိုက်ခြင်း လိမ်းခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
၇။ နွားမြေရင်းခေါင်း ကို သွေးသောက် ခြင်းဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါ များ ပျောက်၏။
၈။ နွားမြေရင်းခေါင်း ကို သွေးကာ သူငယ်စာ ငှက်ပျောသီး တွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေးများ အား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်း နှင့် မြွေကင်းကိုက်၍ အဆိပ်တက်ခြင်း များ ပျောက်၏။
၉။ နွားမြေရင်း ကို ပြုတ်သောက် ပါက ညောင်းကျ ရောဂါ ပျောက်၏။
၁၀။ ဥပသကာ နှင့် ပြုတ်သောက် ပါက ဆစ်ဖလစ် ရောဂါ ပျောက်၏။
၁၁။ နွားမြေရင်း ကို သွေးသောက် ပါက အော့အန် ခြင်း ပျောက်၏။ အမှုန့် ကို သောက်က ကင်းဆိပ် ကျဆင်း စေ၏။
၁၂။ အချွဲ အကျိ များကို ကျဆင်း၍ ၀မ်းကိုက်ခြင်း၊ သွေးစ သွေးနနှင့် ၀မ်းသွား ခြင်းတို့ အတွက် နွားနို့၊ ရေနှင့် နွားမြေရင်း တို့ကို ထည့်ကျို၍ နို့သက် သက် ကျန်သော အခါ မှ သောက်ပါက ရောဂါ ပျောက်၏။
Credit မြန်မာ့ဆေးဖက်ဝင် အပင်များ
@@@@@@@@@@@@@@@@@
ဆေးဖက်ဝင် နွားမြက်ရင်း ပင်
နွားမြက်ရင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာ၌ ရှိသော အဖုအပိမ့် များကို ပျောက်ကင်း စေသည်။နွားမြက်ရင်းကို လျှာပွတ်ဆေး၊ သူငယ်နာ ဆေးအဖြစ် အသုံးပြုသည်။ နွားမြက်ရင်းကို သွေးကာ သူငယ်စာ ငှက်ပျောသီးတွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေး များအား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်းနှင့် သာမာန် အဆိပ် ရှိသော သတ္တ၀ါ များကြောင့် အဆိပ် တက်ခြင်းကို ပျောက်ကင်း စေသည်။
 နွားမြက်ရင်း သွေးရည် ကော်ဖီဇွန်း ၁ ဇွန်း သောက်ပါက အော့အန် ရောဂါကို ပျောက်ကင်း စေသည်။နွားမြက်ရင်း ခေါင်းကို သွေး၍ ဆား အနည်းငယ် ထည့်သောက်ပါက အစာမှားခြင်း၊ ဆေးမှားခြင်း တို့ကို သက်သာ ပျောက်ကင်း စေသည်။နွားမြက်ရင်း ခေါင်းကို သွေး၍ သောက်ခြင့်ဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါများကို ပျောက်ကင်း စေပါသည်။နွားမြက်ရင်း ခေါင်းကို သွေးလိမ်းပါက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် နူနာဖြစ်စ ရောဂါ၊ ရေယုန်၊ ၀ဲစို၊ ၀ဲခြောက် ရောဂါများကို ပျောက်ကင်း စေနိုင် ပါသည်။
(Mg Mandalay)
(ရေကြိုက်ပင် ဖြစ်သည့် အလျောက် ရေစပ်၊ ကမ်းစပ် တို့တွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
အပင်သည် အပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၃ ပေခန့် ရှိသည်။ ပင်စည် သုံးမြောင့်ပုံရှိ၍ ခေါင်းပွပုံ ဖြစ်ပြီး သေးငယ် ပြောင်ချော သည်။ တပင်တည်း ကဲ့သို့ စုပြုံ၍ ဖော်ပြပါပုံအတိုင်း  ပေါက်သည်။ မှတ်စု) ★★
★★
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာlike နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
မောင်ထွေး*ပျဉ်းမနား*
သွားကိုက် သွားနာ ပျောက်ကင်းလိုလျှင်.....
သွားကိုက် သွားနာ
ပျောက်ကင်းလိုလျှင်.....
သွားကိုက် သွားနာ သွားပိုးစား
ရေစီးကမ်းပြိုစသည့်
သွားဝေဒနာအမျိုးမျိုးကို
သက်သာပျောက်ကင်းစေရန်
ဖန်းခါးသီးအစို{သို့မဟုတ် }
ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကို
ထုထောင်းပါ....။
လေးညှင်းပွင့်{၃}ပွင့်ခန့်ရော၍
ထုထောင်းပါ။
ဆားအနည်းငယ်လဲထည့်ပေးပါ။
ဖန်းခါးသီး လေးညှင်းပွင့်
ထုထောင်းပြီးသားအဖတ်များကို
ဖန်ခွက်ကြီးတွင်ထည့်၍
ရေနွေးကျက်ကျက်ဆူလောင်းထည့်ပါ။
ဖန်ခွက်ကြီးတစ်ဝက်ရေနွေး
ခန့်လောင်းထည့်ပါ။
ဖန်ခွက်အဖုံးပိတ်ထားပါ။
အနည်းငယ်အအေးခံကာ
ပလုတ်ကျင်း၍ရလောက်သော
အချိန်တွင် ဖန်းခါးသီး လေးညှင်းပွင့်
ဆား ရောစပ်ထားသော
ရေနွေးဖြင့်ပလုတ်ကျင်းပေးပါ။
မကြာခဏပြုလုပ်ပေးခြင်းအားဖြင့်
သွားကိုက် သွားနာ ရေစီးကမ်းပြို
သွားပိုးစားခြင်းဝေဒနာများ
သက်သာပျောက်ကင်းစေတယ်လို့
ဆိုပါတယ်.. .....။
သွားပိုးပေါက်အတွင်းသို့
ဖန်းခါးသီး လေးညှင်းပွင့် ဆား
ရောစပ်ထားသော ပြုတ်ဖတ်ကလေး
များကို{၃}မိနစ်ခန့်ထည့်ပေးပါ။
ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက
သွားပိုးစား သွားကိုက် ဝေဒနာ
ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။
ဖန်းခါးသီး လေးညှင်းပွင့် ဆား
ကျောက်ချဉ်မှုန့်ကလေးမျာကို
ထုထောင်းရောနှော၍
ရေနွေကျက်ကျက်ဆူထည့်ထား
သော အအေးခံအရည်ကို
ငုံပေးပါက သွားနှင့်ပတ်သက်သော
ဝေဒနာ အမျိုးမျိုး သက်သာ
ပျောက်ကင်းသွားစေတယ်လို့
ဆိုပါတယ်........။
ဗဟုသုတ မှတ်စု
ကျန်းမာရေးအတွက် ဆေးတခွက်
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာlike နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
မောင်ထွေး*ပျဉ်းမနား*
သူရိန်ဆွေ စာအုပ်စုစည်းမှု ( ၆ ) အုပ်ပါခဗျာ
#သူရိန်ဆွေ  စာအုပ်စုစည်းမှု ( ၆ ) အုပ်ပါခဗျာ
၆။ချစ်နေဆဲပါ မြကြာဖြူ
ဒီမှာဒေါင်းပါ
၁။အိုင်အိုနန်းထိုက်နှင့်ဆန်းကြယ်မေတ္တာချစ်သစ္စာ
ဒီမှာယူပါ
၂။အိုင်အိုနန်းထိုက်နှင့်ပတ္တမြားကျီးညို
ဒီlink
သူရိန်ဆွေ_အိုင်အိုနန်းထိုက်နှင့်ပတ္တမြားကျီးညို.pdf
၃။ဧကပုတ္တမောင်ထွန်းပ
ဒီကို
၎။သံသရာဆန်းကြယ် အံ့သြဖွယ်
ဒီမှာ
၅။အိုင်အိုနန်းထိုက်နှင့်သွေးလမ်းပေါ်မှာချစ်ဖူးစာ
ဒီမှာ သွားလိုက်ပါ
Credit to #လောကနတ်
#burmeseclassic
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာlike နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
မောင်ထွေး*ပျဉ်းမနား*
ဆေးဖက်ဝင် ရှောက်သီးနင့် ရှောက်မြစ် အ ကြောင်း
ဆေးဖက်ဝင် ရှောက်သီးနင့် ရှောက်မြစ် အ ကြောင်း
=====================
(၁) အုန်းနို့ ခေါက်ဆွဲ ဒံပေါက် မုန့်ဟင်းခါးအဝစားမိတဲ့အခါတွင် ရှောက်
ဖျော်ရည်ကို သောက်ပေးခြင်းဖြင့် သွေးတိုး
သွေးတက် အစာ မ ကြေခြင်းမှ ပြေ ပျောက် စေသည်
(၂) လေခံနေခြင်း လေမကြာခဏပျို့အန်ခြင်း နင့် အစာ မ ကြေ ခြင်းများဖြစ်နေပါက ရှောက်သီးတစ်စိတ်ကို
နုပ်နုပ်စဉ်းကာ ထန်းလျက်တစ်ဆယ်သား
ခန့်ဖြင့် ကျကျကျိုပြီး မနက်တစ်ကြိမ် ညတစ်
ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်ဝက်ခန့်
သောက် ပေးရသည်
(၃) အ ကြောများမခံမရပ်နိင် အောင် တက်ခြင်း အကျိတ်အဖုများထွက်ခြင်း ပြင်းထန်စွာထိခိုက် လျက် အတွင်းကြေ ဒဏ် ရာရရှိခြင်းများဖြစ်ပေါ်ခဲ့လျှင် ရှောက်ရည်တစ်ဆ နနွင်းမုန့်တစ်ဆ
ထုံးတစ်ဆတို့ကို ရောလျက် မနက်ညတစ်
ကြိမ်စီ လိမ်းပေးခြင်းဖြင့် သက် သာ ပျောက် ကင်းစေပါသည်
(၄) မီးယပ်အဆင်းများလျှင် မူးဝေတတ်သည်
ရှောက်သီးနင့် ထန်းလျက် ရောက ကျွေးပေးရသည်
(၅) သွေးတိုးရောဂါရှင် များအတွက် ရှောက်သီးအလုံးကြီးတစ်လုံး၏ အတွင်းသားများ
ထန်းလျက်အစိတ်သား ဆားခါးငါးဆယ်သား
ကွမ်းရွက် သတ္တုရည် တစ်ဆယ်သားတို့ကို
စုရော ထောင်းပြီးတစ်နေ့ နေလှန်းပေးရသည် မနက် ဟင်းစားဇွန်း
တစ်ဇွန်း ညဟင်းစားဇွန်းတစ်ဇွန်း မှန်မှန်
သောက် ခြင်းဖြင့် သွေးတိုးရောဂါမှ
ပျောက် ကင်းစေပါသည်
(၆) ရှောက်ခွံများကိုပါးပါးလှီးကာ အ ခြောက်
လှန်းရသည် ခြောက် သွေ့သွားလျှင် မီးတောက်အရက်နင့် ခုနစ်ရက် စိမ်ထားရသည်
လေငန်းကြောင့် ပါးရွဲ့ ပါးစပ်ရွဲ့ လက်ကပ်
လက် မြှောက်မရ ခြေတစ်ဖက်ဆွဲများကို
နေ့စဉ်မနက်တစ်ကြိမ ညတစ်ကြိမ် လိမ်းပေးခြင်း ဖြင့် သက်သာပျောက် ကင်း
စေပါသည်
(၇) သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည်
မပြစ်မကျဲထည့်ပါ ထိုသနပ်ခါးကို နေ့စဉ်
မှန် မှန်လိမ်းပေးခြင်းဖြင့် အသားအ ရေ
ချောမွေ့ပြီး  ဝက်ခြံတင်းတိတ် မှဲ့ခြောက်များ
ကို ပျောကိ ကင်းစေပါသည်#
Credit-Original writer
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like
Tuesday, August 16, 2016
တိုးတက်အောင်မြင်ချင်သူများကျင့်ကြံရမဲ့ အကျင့် ( ၇ ) မျိုး
E
တိုးတက်အောင်မြင်ချင်သူများကျင့်ကြံရမဲ့ အကျင့် ( ၇ ) မျိုး
( ရောင်းအားအကောင်းဆုံးစံချိန်တင်ထားတဲ့စာအုပ်ဖြစ်ပါ
တယ်..စာအုပ် ၁၅သန်းဖြန့်ချီပြီးပါပြီ ) Download
=======================================
ဒီမယ်ဒေါင်းပါ
-----------------------------------------------------------------
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
မောင်ထွေး*ပျဉ်းမနား*
Sunday, August 14, 2016
တြိစက္ကစက္ကစာအုပ်များ
ကြိစက္က ပုလ္လင်ပျောက်ကုန်းမှ မျက်နှာဖုံးရှင်
ဒီမှာ
တြိစက္ခ ဝံပုလွေအသဲနှင့်ချစ်သူ
ဒီမှာ
တြိစက္ခ ကြာပိုက်သားပိုက် မှော်တိုက်တစ္ဆေ
ဒီမှာ
တြိစက္ခ မဟူရာဝံပုလွေဝိညာဉ်
ဒီlink
တြိစက္ခ မှန်ကင်းစံနှင့်မရဏစေတမန် ပတ္တမြား
ဒီlink
တြိစက္ခေ၇ွှဦးခေါင်းနှင့်နဂါးနက်ရုပ်တု
ဒီlink
ကြိစက္က မျက်နှာစိမ်းလွင်ပြင်
ဒီသို့သွားပါ
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီကိုlike နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
Saturday, August 13, 2016
#Poke ဆိုတာ... ကိုယ်နဲ့ မဆိုင်သည်ကိုဝင်ရောက်စွက်ဖက် သည်... လို့ အဓိပ္ပါယ်ရပါတယ်။#
#Poke ဆိုတာ...
ကိုယ်နဲ့ မဆိုင်သည်ကိုဝင်ရောက်စွက်ဖက် သည်... လို့ အဓိပ္ပါယ်ရပါတယ်။#
ကလေးတစ်ယောက်ကြိမ်ဒဏ်ထိလို့ ငိုသလိုမျိုး...ကလေးကလားအလုပ်ကိုလွယ်တယ်ထင်ပြီးဝင်ရောက်စွက်ဖက်ကြည့်ချင်ရင်ကြိုက်တဲ့လူကြီးတွေကလေးတွေလိုလိုက်ပြီး ငိုယိုကြည့်နိုင်ပါတယ်။ကျွန်တော်ကတော့ကြိမ်နဲ့ ရိုက်မယ်။
အဲ့ဒီလိုပါပဲ...
အရာရာတိုင်းဆီကနေ"အရည်ရရအဖတ်ရရ"ရယူလိုမှုတွေချည်းပဲရှိနေတယ်ဆိုရင်တော့...ကျွန်တော်နဲ့ လာပြီးအပေါင်းအသင်းမလုပ်တာပိုကောင်းပါတယ်။
(ကဲ အခုကစပြီး ...
ဂိမ်းဆော့ခြင်းကိုအသေရရ အရှင်ရရ
ကြိုက်နှစ်သက်တဲ့ ကျွန်တော်ဟာ...
ကလေးကလားဒါရိုက်တာတစ်ယောက်ပီပီ Pokemon တွေစဖမ်းကြည့်လိုက်ပါဦးမယ်။)
"အရည်မရအဖတ်မရ"ဆိုပေမယ့်
ဘဝမှာ...အကောင်တစ်ကောင်ရ
မနည်းဘူးမဟုတ်လား ?
(သည်ခေတ်နေ)ရေးထားတာပါ
လူတိုင်းမေးနေကြတဲ့ဂိမ်း
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်
ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်
သင်  ဒါတွေ သိပါသလား။ ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။ မိမိ ကိုယ်တိုင်ရော၊ မိသားစု နှင့် သူငယ်ချင်း မိတ်ဆွေများ အားလုံး ကို လည်း လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါ …. ။
(၁) ဆေးလိပ် မသောက်ပါနှင့်။
ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။
(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက  လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။
ထို့ ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ခန့်  ကြာမှ သာ သစ်သီး စားသင့်သည်။
(ကျမ္မာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့ မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)
(၃) လ္ဘက်ရည် မသောက်ပါနှင့်။
လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့ က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့် တားစေပါသည်။
(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။
ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့ မဟုတ်) ပုဆိုး၊ လုံချည်လျော့ဝတ်ခြင်း က အူသိမ် အူမ တို့ ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့ စေပါသည်။
(၅) ရေ မချိုးပါနှင့်။
ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တ၀ိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။
(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။
ရှေး လူကြီးမျာက "ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား" ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။
အကြောင်းရင်း မှာ ....  ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊
ထမင်း ဟင်း ထဲမှပါဝင်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့  ညီညွတ်စေဖို့ အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့်  မတ်တပ် ရပ်နေပါ (သို့ မဟုတ်) ဖြည်းဖြည်း မှန်မှန်
လမ်းလျှောက်ပါ။
(၇) မအိပ်ပါနှင့်။
ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ၀င်စေသည်။
(၈) အားကစား မလုပ်ပါနှင့်။
အားကစား မလုပ်ခင် အနည်းဆုံး နာရီဝက် မှ အများဆုံး ၂-နာရီ ခန့် ကြိုတင်၍ ထမင်းစားထား ပါ။ သို့ မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့ မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့် ခြင်း (သို့ မဟုတ်) အသက်သေစေနိုင်သည်။
(ဆောင်းပါးရှင်…ပေါက်ပေါက်၏ ဆောင်းပါးအား ကူးယူမျှဝေပါသည်)
                            မှတ်စု
Credit.#မှတ်စု
Friday, August 12, 2016
မနောမယိဒ္ဓိပညာနှင့်ဗုဒ္ဓမှတ်စု
#ကိုလင်းအိမ်သစ်  ပေးပို့လှူဒါန်းပါသည်ခဗျာ
#ဦးစိုးတင့် ( တောင်ကြီး )
#မနောမယိဒ္ဓိပညာနှင့်ဗုဒ္ဓမှတ်စု
(  27 . 50  MB  )  #စာမျက်နှာ -  ၂၆၈
http://pc.cd/8I3ctalK
Or  )
http://pc.cd/RO3ctalK
…ကျွန်တော်ကတော့မရေးနိုင်ပါဘူး ပြန်လည်မျှဝေပေးတာပါစေတနာ  ကိုလည်းဒေါင်းလို့အဆင်ပြေတယ်လေ
Thursday, August 11, 2016
Psiphon.apk (For Andorid)
  • Andoridဖုန်းပိုင်​ရှင်​​တွေအတွက်​အ​ကြောင်းအမျိုးမျိုး​ကြောက့်​တခါတ​လေvpn​ကျော်​ရ​လေ့ရှိတတ်​ပါတယ်​vpn​ကျော်​တဲ့အခါအလွယ်​ကူဆုးံနှငိ့မြန်​မြန်​ဆန်​ဆန်​အသုးံပြုလို့ရ​စေမည့်​Psipnon.apk​လေးနဲ့မိတ်​ဆတ်​​ပေးလိုက်​ပါတယ်​ဒိ​ကောင်​​လေးက​တော့အသုးံပြုဖူးသူတိုင်​အကြိုက်​​တွေ့​စေမှာဖြစ်​ပါတယ်​facebook lock​ဖြေတဲ့အခါတုးံကဒိ​ကောင်​​လေးကvpn​ကျော်​၇ာမှာနမည်​ကြီးခဲ့ပါတယ်​အသုးံပြုလိုသူများ​အောက်​ကလခ့်​မှာရယူပါ
  • ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
    အားလုံးပဲအဆင်ပြေပါစေ။
    (ခင်မောင်ထူး နည်းပညာ) 
    ZapaအသုးံပြုပြီးFile ​တွေsharedပြုလုပ်​သူ​တွေအတွက်
  • ၁။ဒီကောင်က အကျိုးပြုသလိုလိုနဲ့ နောက်ကွယ်မှာ အ​နှောက်​ယှက်​အ​တော်​​ပေး​နေတဲ့သူလို​ပြောလိုရနိုင်​ပါတယ်
  • ၂။သူ့ကိုတင်ပြီးတာနဲ့ Run အ​တော်​များများကိုအသုးံပြု​နေပါနယ်
  • ၃။အင်တာနတ်ဖွင့်နေချိန်မှာ နောက်ကွယ်ကနေ run ပေးနေပြီး
  • အမည်မသိ app တွေ .c file တွေ auto ဒေါင်းနေလိမ့်မယ်
  • ၄။Rom တွေကို အသုးံပြုများနဲ့အတွက်​စက်​ဟန်းသွားနိုင်​ပါတယ်
  • ၅။virus app တွေ ဒေါင်းပြီး install တင်လိမ့်မယ်
  • ၆။ အင်တာနတ်ဖွင့်တာနဲ့ file တွေ ဒေါင်းနေပါလိမ့်မယ်
  • ဘေလ်တွေ အလိုလိုတတ်​လာပါလိမ့်​မယ်
  • ၇။Browser ဖွင့်တိုင်း app ​ကြေညာ​တွေတတ်​လာပြီးdownloadပြုလုပ်​ခိုင်းပါလိမိ့မယ်
  • ၈။Phone အားကုန်​မြန်​လာပါလိမ့်​မယ်
  • ၉။ rom ကိုစားပြစ်နေတဲ့အတွက် ဖုန်းက အရင်​​လောက်​သွက်​လက်​မူမရှိနိုင်​​တော့ပါဘူး
  • App က သုံးနေရင် ပြန်ပြန်ထွက်သွားပါလိမ့်မယ်
  • ၁၀။Zapya file share လုပ်နေရင်း တစ်ဖက်ဖုန်းမှ
  • Virus တွေ သယ်ဆောင်လာပါလိမ့်မယ်
  • File ထဲမှာ ရှိတဲ့ virus တွေ ဆွဲထုတ်လာပါလိမ့်မယ်
  • မိမိစက်​တုန်​ခါပြီး​နောက်ဆုံး ဖုန်းက ပါဝါကျလိုက်တက်လိုက်ဖြစ်ပြီး
  • လဲရတဲ့ အဆင့်အထိ ဖြစ်သွားပါလိမ့်မယ်ဒိလိုဖြစ်​သွားရင်​​တော့​သေခါပါတယ်​မိတ်​​ဆွေဖုန်း ​ဆော့ဝဲပြန်​​ရေးရဖို့
  •                                 
    ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
    အားလုံးပဲအဆင်ပြေပါစေ။
    (ခင်မောင်ထူး နည်းပညာ) 
    ကျတော်တင်သမျှစာစဉ်တွေထဲမှာ ရှေးအကျဆုံးသိုင်းကျမ်းတစ်အုပ်ပါ ။ လုရှောင်ဖုန်း စာစဉ်တွေကို နှစ်သက်ရင် ဒီစာစဉ်ကိုလည်း သဘောကျပါလိမ့်မယ်..
    မိုးကျော်သူ
    သေရွာမှပြန်လာသော မိန်းကလေး
    Tuesday, August 9, 2016
    ရဲမင်းဟိန်း လရောင်အရိပ် ဝိညာဉ်လိပ်ပြာ စာစဉ် (၁ + ၄)
    ရဲမင်းဟိန်း
    လရောင်အရိပ် ဝိညာဉ်လိပ်ပြာ  စာစဉ် (၁ + ၄)
    စာစဉ် (၁)
    https://www.mediafire.com/download/mip6l23hbbbtzki
    စာစဉ် (၂)
    https://www.mediafire.com/download/u3lk4ayhpb47ic6
    စာစဉ် (၃)
    https://www.mediafire.com/download/ofyd7rrh66ziaz3
    စာစဉ် (၄) ဇာတ်သိမ်း
    https://www.mediafire.com/download/a87ykwgnm3v8d5a
    #pCloud လင့်ဖြင့်ဒေါင်းရန်...
    ရဲမင်းဟိန်း
    လရောင်အရိပ် ဝိညာဉ်လိပ်ပြာ  စာစဉ် (၁ + ၄)
    https://my.pcloud.com/publink/show?code=VZRUFfZ1EFopm8AJS821qmgc8lOCBSAJfYV
    Credit :::
    blogအလန်းပြုပြင်​မယ်
    blogအလန်းပြုပင်​ချင်​​ရင်​ဒီမှာ သွာကြည့်​ပါ
    မြန်​မာ ပြက္ခဒိန်​ ထည့်​ချင်​ဒီမှာ သွား​တော့
    နာရီ ကုတ်
    <iframe scrolling="no" frameborder="no" clocktype="html5" style="overflow:hidden;border:0;margin:0;padding:0;width:100px;height:100px;"src="http://www.clocklink.com/html5embed.php?clock=006&timezone=local&color=green&size=100&Title=&Message=&Target=&From=2016,1,1,0,0,0&Color=green"></iframe>
    မြန်​မာစံ​တော်​ချိန်
    Friday, August 5, 2016
    ပိန္နဲစေ့တွေ လွှင့်မပစ်သင့်တဲ့အကြောင်းရင်း
    ပိန္နဲစေ့တွေ လွှင့်မပစ်သင့်တဲ့အကြောင်းရင်း
    ပိန္နဲသီးစားတဲ့အခါ များသောအား ဖြင့်တော့ အစေ့တွေကို လွှင့်ပစ် လေ့ရှိကြပါတယ်။ တကယ်တော့ ပိန္နဲစေ့မှာ ပြောမဆုံးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာသိထားပြီး အကျိုးရှိရှိသုံးနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။
    #အရေးအကြောင်းများ သက်သာစေခြင်း
    ပိန္နဲစေ့တစ်စေ့ကို နွားနို့အေးအေးထဲမှာ ခဏစိမ်ထားပြီး အနှစ်ဖြစ်တဲ့အထိ ကြိတ်ခြေပါ။ မျက်နှာပေါ်က အရေးအကြောင်းရှိတဲ့ နေရာတွေကို ပိန္နဲစေ့အနှစ်နဲ့ သုတ်လိမ်းပေးရင် လေး၊ ငါးပတ်အတွင်း ထူးခြားလာတာတွေ့ ရမှာပါ။
    #အသားအရောင်ကောင်းစေခြင်း
    ပိန္နဲစေ့မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ဝမ်းချုပ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အညစ်အကြေးတွေကို စွန့်ထုတ်စေတဲ့အတွက် အသားအရောင် ကိုလည်း ကောင်းစေပါတယ်။
    #အမာရွတ်ပျောက်စေခြင်း
    အသားအရေအပြစ်အနာအဆာကင်းစေချင်ရင်လည်း ပိန္နဲစေ့က ကူညီပေးနိုင်ပါတယ်။ အခြောက်လှန်းထားတဲ့ ပိန္နဲစေ့အနည်းငယ်ကို နွားနို့နဲ့ ပျားရည်ရော ထားတဲ့အထဲမှာ စိမ်ထားပြီး အနှစ်ရအောင်ကြိတ်ခြေပါ။ အဲဒီအနှစ်ကို မျက်နှာပဲဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် သုတ်လိမ်းပေါင်းတင်ထားပြီး ရေနဲ့ဆေးကြောပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
    #ကင်ဆာရောဂါကာကွယ်ပေးခြင်း
    ပိန္နဲစေ့ဟာ အသားဓာတ် ကြွယ်ဝသလို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းလည်းရှိပါတယ်။
    #ဆံပင်သန်စေခြင်း
    ပိန္နဲစေ့တွေဟာ သွေးလည်ပတ်မှုကို  ကောင်းစေပါ တယ်။ ဆံသားသန်စွမ်းကျန်းမာဖို့ဆိုတာလည်း သွေးလည်ပတ်မှု ကောင်းတာနဲ့ သက်ဆိုင်တဲ့အတွက် ပိန္နဲစေ့က ဆံပင်အတွက်ပါ အကျိုးပြုပါတယ်။
    #အစာကြေစေခြင်း
    အစာခြေအင်္ဂါအဖွဲ့အစည်းမှာ ပြဿနာတစ်ခုခုရှိနေရင် အသည်းကိုဒုက္ခပေးနိုင်သလို ဆံပင်ကျွတ်တာတွေ လည်း ဖြစ်စေပါတယ်။ ပိန္နဲစေ့စားပေးရင် အစာကောင်းစွာကြေညက်စေသလို အသည်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပြီး ဆံပင်ကျွတ်တဲ့ပြဿနာပါ ဖြေရှင်း ပြီးသားဖြစ်စေမှာပါ။
    ပိန္နဲစေ့ကို အစိမ်းအတိုင်းစားတာအပြင် ပြုတ်စားဟင်းချက် စားနိုင်သလို ပိန္နဲစေ့ကို အခြောက် လှန်းအမှုန့်ပြုလုပ်ပြီး ဟင်းချက်တဲ့အထဲ ထည့်စားနိုင်ပါတယ်။
    ============
    Credit
    ကင်​ဆာ​ပျောက်​ ​ဆေးပင်​​တွေ့ပြီ
    ကင်ဆာပျောက် ဆေးပင်တွေ့ပြီ
    ======================
    ယနေ့အတွက် စိတ်လှုပ်ရှားစရာကောင်းပြီး အလွန်ဝမ်းမြောက်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ ကင်ဆာရောဂါကို ပျောက်စေနိုင်တဲ့ ဆေးပင်တစ်မျိုးကို ဆေးသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိပြီ ဆိုတာပါဘဲ။ ဆေးပင်နာမည်က Dandelion ပါတဲ့။
    အမှန်တော့ ဒီဆေးဟာ အစွမ်းထက် ဘယဆေးအဖြစ် ပေါ်ထွက်နေတာ ကြာပါပြီ။ ဒါပေမယ့် ကင်ဆာကို ပျောက်မှန်း မသိရှိခဲ့ကြသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကမှ ကနေဒီယံနဲ့ သြစတေလျ သိပ္ပံပညာရှင်များက ကင်ဆာရောဂါ တိုက်ဖျက်နိုင်ကြောင်း ကြေငြာခဲ့တာပါ။
    ကင်ဆာရောဂါ ကုသရာမှာ အလွန်ပြင်းထန်ပြီး Side Effect အလွန်များတဲ့ Chemotherapy နေရာမှာ ဒီဆေးကို အစားထိုး ကုသနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
    အခုလောလောဆယ် ကင်ဆာဝေဒနာရှင်များ ဆေးကို စမ်းသပ်သုံးစွဲလိုလျှင် Amazon အွန်လိုင်း မားကတ်မှာ မှာယူလို့ ရပါပြီ။ ဆေးဘူးပုံများ တင်ပေးလိုက်ပါတယ်။ ဈေးနှုံးချိုသာပါတယ်။ ထုတ်တဲ့ ကုမ္ပဏီကိုလိုက်ပြီး ၈ ဒေါ်လာကနေ ၂၀ ဒေါ်လာခန့်သာ ရှိပါတယ်။
    မြန်မာနိုင်ငံထဲက အွန်လိုင်းမားကတ်တွေကနေ မှာယူမယ်ဆိုရင်  နှစ်ပါတ်လောက်ဘဲ ကြာမြင့်ပါမယ်။
    Side Effect လုံးဝမရှိဘူးလို့ ပညာရှင်တွေက ပြောကြားထားလို့ ဝေဒနာရှင်များ စမ်းသပ်သုံးစွဲကြည့်ဖို့ တိုက်တွန်းလိုက်ရကြောင်းပါ။
    လူသားများ ကင်ဆာရောဂါ ဘေးကြီးမှ ကင်းဝေးနိုင်ကြပါစေ။
    ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
    .
    မြန်​မာ စာတန်းထိုး ရုပ်​ရှင်းကားhttps://my.pcloud.com/publink/show?code=XZOPufZRQloM23wwi02uoT5KuxNwhHuq5bk
    Clash of Clans Gmail ချိန်းနည်း
    ပြန်​လည်​မျှ​ဝေချင်​ပါတယ်​ Clash of Clans Gmail ချိန်းနည်း
    Clash of Clans Gmail ချိန်းနည်း (For Android OS)
    ************************************
    ဒီနေ့ Lost Village ပြန်ဆယ်နည်းတင်လိုက်တယ်
    Friends တော်တော်များများက Gmail ချိန်းနည်းမေးတာတွေ့တာနဲ့ Gmail ချိန်းနည်းလေးပါ တင်ပေးလိုက်ပါတယ်
    ဒီနည်းက Gmail Password မေ့သွားတဲ့သူတွေနဲ့
    အကြောင်းအမျိုးမျိုးကြောင့် Gmail Change ချင်သူတွေအတွက်ပါ
    ကဲပါ စလိုက်ကြစို့
    လိုအပ်ချက်များ
    **********
    Google Play Service.apk
    Google Play Store.apk
    Google Play Game.apk
    ၁။ ပထမဆုံး Play Game ထဲဝင်ပီး Gmail Account သစ် ထည့်ပါ (Screenshoot... 💻 မှာ ပြထားသည်)
    ၂။Clash of Clans ကို ဝင်ပီး Screenshoot... 💻 အတိုင်းလုပ်ပါ။
    ၃။supercell သို့ စာပို့ပါ။
    Hello CoC Team,
    I want to Change My Google+ Account, can you help me Please?
    1. Village Name: -----
    2. XP Level: -----
    3.TownHall Level: -----
    4.Clan Name: -----
    5.Start Date: ----- (mm/yyyy)
    6.Last Date: ----- (dd/mm/yyyy)
    7.Location: (Myanmar<Burma>)
    8.Phone Model: ----- (SAMSUNG SM-7100)
    I want to Change my google+ account because this email will delete in next month for new email.
    Please help me!
    Thanks
    (Your Name)
    (Village Screenshoot... 💻 လေးပါ ပို့ပေးလိုက်ပါ)
    ၄။၁ ရက်လောက်ကြာရင် Supercell က စာပြန်ပို့ပါမယ်။ တခါတလေ ချက်ချင်းရပေမယ့် တခါတလေ မေးခွန်းပြန်မေးတတ်ပါတယ်။
    သူမေးတာကိုဖြေပေးလိုက်ပါ။
    ဖြေပေးပီးလို့ နာရီပိုင်းကြာရင် Gmail Change လို့ရကြောင်းပြန်ပို့ပါတယ်။ အာ့ဆိုရင်တော့ ချိန်းလို့ရပါပီ။
    ၅။Change နည်းကတော့ Google+ connected ကို Disconnected နှိပ် ပီးရင် Connect ပြန်လုပ်ပီး အဆင့် ၁ မှာ လုပ်ခဲ့တဲ့ gmail ကိုရွေး ပီးရင် Sign in လုပ်ပေးလိုက်ပါ။
    အဲ့ဒါဆို Gmail Change တာ အောင်မြင်ပါပီ။
    ( 🚨🚨🚨 မှတ်ချက်။ ။ အရေးအကြီးဆုံးက Gmail ချိန်းဖို့အတွက် လျှောက်ထားပီဆိုရင် လျှောက်တဲ့ village မှာပဲနေပါ။ သဘောက အခြားအကောင့်ပြောင်းမဆော့ပါနဲ့။
    Supercell က စာပြန်ရင် gmail တခါတည်း ဖျက်ပီးသားဖြစ်မှာမို့ပါ။ အကယ်၍ အခြားအကောင့် ပြောင်းမိသော် gmail ချိန်းထားသောအကောင့်သည် ၁၀၀% ပျက်ပါမည်။🚨🚨🚨 )
    အဆင်ပြေကြပါစေဗျာ
    ရွှင်လန်းချမ်းမြေ့ကြပါစေ...😊☺️😊