Sunday, July 31, 2016

❁ ဗုဒ္ဓဘာသနာ၏ပန္နက် ❁


❁ #ဗုဒ္ဓဘာသနာ၏ပန္နက် ❁
▬▬▬▬▬▬▬▬▬▬▬▬

❁ စင်စစ်သရဏဂုံသည် ဗုဒ္ဓသာသနာတော်၏ ပန္နက်ဖြစ်သည်၊ သရဏဂုံ
မတည်ပါက ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ပေ။ သရဏဂုံတည်မှသာလျှင် ဗုဒ္ဓ
ဘာသာဝင် တစ်ယောက် ဖြစ်လာနိုင်ပေမည်။

ဗုဒ္ဓသာသနာတော်၏ ပန္နက်ဖြစ်သည့်အတိုင်း-

- ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန် အတွက်လည်းကောင်း၊

- ရှင်သာမဏေဖြစ်ရန် အတွက်လည်းကောင်း၊

- ရဟန်းဖြစ်ရန် အတွက်လည်းကောင်း၊

❁ သရဏဂုံနှင့်စတင်ကာ ပန္နက်ချကြရပေသည်၊ သရဏဂုံနှင့် ပန္နက်မချပဲ ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်း မဖြစ်နိုင်ပေ။ ရှင်ရဟန်းလည်း မဖြစ်နိုင်
ပေ။

❁ သရဏဂုံသည် ဤမျှလောက် အခြေခံလည်းကျလှသည်၊ အရေးလည်း
ကြီးလှသည်၊ ထို့ကြောင့် ဗုဒ္ဓသာသနာတော်၏ ပန္နက်ဟုခေါ်ဆိုရခြင်းဖြစ်
သည်။

❁ ပထမဆုံး ဒွေဝါစိက သရဏဂုံတည်သူ ❁
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

❁ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်တွင် ဗုဒ္ဓဘုရားရှင်သည် ဘုရားအဖြစ်သို့
 ရောက်တော်မူသည်၊ ထို့နောက် ပလ္လင်္က, အနိမိသစသော ခုနှစ်ဌာနတို့၌
သတ္တသတ္တာဟ ( = ခုနစ်ရက် ခုနစ်လီ) သတ္တဌာန စံနေတော်မူသည်။

❁ ယင်းသို့ စံနေတော်မူစဉ် နောက်ဆုံးသတ္တဌာနဖြစ်သည့် ရာဇာယတန သတ္တာဟလင်းလွန်းပင်ရင်း၌ စံနေတော်မူသောအခါ ဥက္ကလာပဇနပုဒ်မှ တပုဿ     နှင့်ဘလ္လိက ကုန်သည်ညီနောင်တို့သည် ဗုဒ္ဓဘုရားရှင်အား လာ
ရောက်ဖူးမြော်ကြကာ ကြွက်ကျစ်မုန့်-ပျားမုန့်ဆုပ်တို့ကို ဆက်ကပ် လှူ ဒါန်း
ကြသည်။

❁ ထိုအခါ ဗုဒ္ဓဘုရားရှင်က ယင်းကုန်သည် ညီနောင်တို့အား ဗုဒ္ဓဘာသာဝင်
များဖြစ်လာအောင် ဒွေဝါစိက သရဏဂုံကိုပေးကာ ဗုဒ္ဓသာသနာ့ပန္နက်ချ ပေး
တော်မူခဲ့သည်၊ တစ်ဆက်တည်းပင် ဦးခေါင်းတော်ကို သုံးသပ်၌ ဆံတော်
ဓာတ် လက်တစ်ဆုပ်ကိုလည်း ပေးအပ်ချီးမြှင့်တော်မူလိုက်သည်။

❁ ဒွေဝါစိက သရဏဂုံ ဆိုသည်မှာ-

- ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
- ဓမ္မံ သရဏံ ဂစ္ဆာမိ

ပင်ဖြစ်သည် ထိုအချိန်က ဗုဒ္ဓသာသနာတော်၌ သံဃာတော်များ မရှိသေးပေ၊
ထို့ကြောင့် ‘သံဃံ သရဏံ ဂစ္ဆာမိ’ မပါပဲ ဒွေဝါစိက သရဏဂုံဖြင့်သာ ဗုဒ္ဓ
ဘုရားရှင်က ဗုဒ္ဓသာသနာ့ပန္နက်ကို ချပေးတော်မူခဲ့ခြင်း ဖြစ်သည်။

❁ ထို့ကြောင့် ဗုဒ္ဓသာသနာတော်၏ သရဏဂုံသမိုင်း၌ တပုဿ     နှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကို ပထမဆုံး ဒွေဝါစိက သရဏဂုံတည်သူဟု မှတ်ယူ
ရပေမည်။

 ❁ လယ်တီအရှင်ကေလာသ ❁


0 commentsဒီမှာ​ရေးခဲ့ပါ:

Post a Comment

myat1500.m@gmail.com