play
အစားအသောက်ဆိုင်လေးတစ်ဆိုင် မအောင်မြင်ရတဲ့ အဓိက အကြောင်းအရင်းဟာ အစားအသောက်မကောင်းတာ မဟုတ်ပါဘူး။ ဆိုင်တော်တော်များများဟာ သာမန်လက်ရာလောက်နဲ့ပဲ ရေရှည်ရပ်တည်နေကြတာပါ။ တစ်ချို့ဆိုင်တွေဆို ဟင်းဆယ်မျိုးမှာ တစ်မျိုးလောက်ပဲ အဆင်ပြေပြီး နေရာကောင်းတာကြောင့် ရေရှည်ရပ်တည်နိုင်တာမျိုး ရှိပါတယ်။
play
၁ - ဘတ်ဂျက်နည်းနည်းနဲ့စတာ
တွက်ချက်ထားတဲ့ ကုန်ကျစရိတ်ထက်ပိုတဲ့ ငွေပမာဏရှိသင့်ပါတယ်။ စစခြင်းမှာ ပစ္စည်းကောင်းကောင်းတွေကို သုံးသင့်ပါတယ်။ အစမကောင်းရင် ဘယ်လိုမှ ပြန်လိုက်လို့ မရတော့ပါဘူး။
၂ - အပြိုင်အဆိုင်
ကိုယ့်ရဲ့ ပြိုင်ဘက်တွေရဲ အခြေအနေနဲ့ပတ်သက်ပြီးလို့လည်း အသိဗဟုသုတ ရှိသင့်ပါတယ်။ သူတို့ရဲ့ ရောင်းအား၊ သူတို့ရောင်းတဲ့ အစားအစာရဲ့ အရသာမျိုးကို သိသင့်ပါတယ်။မကိုက်တာ
၃ - နေရာမှားခြင်း
ကိုယ်ရောင်းမယ့် အစားအစာ၊ ကိုယ်ရောင်းမယ့် ပုံစံဟာ ရောင်းနေတဲ့ နေရာနဲ့ ဖြစ်ပါတယ်။ နေရာရွေးမှန်ဖို့ အရေးကြီးပါတယ်။
play
၎ - ဝန်ထမ်း
ဆိုင်ကြီးကြီးမားဖွင့်မယ်ဆို ဝန်ထမ်းကိစ္စကလည်း ကြိုတင်ထည့်တွက်ထားရမယ့် ကိစ္စဖြစ်ပါတယ်။ ကိုယ်တိုင် အစားအသောက်ကို မလုပ်ဘူးဆိုရင် ဝန်ထမ်းကို ပိုဂရုစိုက်ရပါတယ်။
၅ - ကိုယ်ပိုင်စတိုင် မရှိခြင်း
အစားအသောက်ရဲ့ အရသာ၊ တည်ခင်းတဲ့ပုံစံ၊ နေရာအပြင်အဆင် စတဲ့ တစ်ခုခုကတော့ ကိုယ်ပိုင်စတိုင် ရှိရမှာ ဖြစ်ပါတယ်။
Duwun မှ ဖော်ပြသည်
ကူးယူဖော်ပြ

0 commentsဒီမှာရေးခဲ့ပါ:
Post a Comment
myat1500.m@gmail.com