Home

Wednesday, August 17, 2016

ဆေးဖက်ဝင် ရှောက်သီးနင့် ရှောက်မြစ် အ ကြောင်း


ဆေးဖက်ဝင် ရှောက်သီးနင့် ရှောက်မြစ် အ ကြောင်း
=====================
(၁) အုန်းနို့ ခေါက်ဆွဲ ဒံပေါက် မုန့်ဟင်းခါးအဝစားမိတဲ့အခါတွင် ရှောက်
ဖျော်ရည်ကို သောက်ပေးခြင်းဖြင့် သွေးတိုး
သွေးတက် အစာ မ ကြေခြင်းမှ ပြေ ပျောက် စေသည်
(၂) လေခံနေခြင်း လေမကြာခဏပျို့အန်ခြင်း နင့် အစာ မ ကြေ ခြင်းများဖြစ်နေပါက ရှောက်သီးတစ်စိတ်ကို
နုပ်နုပ်စဉ်းကာ ထန်းလျက်တစ်ဆယ်သား
ခန့်ဖြင့် ကျကျကျိုပြီး မနက်တစ်ကြိမ် ညတစ်
ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်ဝက်ခန့်
သောက် ပေးရသည်
(၃) အ ကြောများမခံမရပ်နိင် အောင် တက်ခြင်း အကျိတ်အဖုများထွက်ခြင်း ပြင်းထန်စွာထိခိုက် လျက် အတွင်းကြေ ဒဏ် ရာရရှိခြင်းများဖြစ်ပေါ်ခဲ့လျှင် ရှောက်ရည်တစ်ဆ နနွင်းမုန့်တစ်ဆ
ထုံးတစ်ဆတို့ကို ရောလျက် မနက်ညတစ်
ကြိမ်စီ လိမ်းပေးခြင်းဖြင့် သက် သာ ပျောက် ကင်းစေပါသည်
(၄) မီးယပ်အဆင်းများလျှင် မူးဝေတတ်သည်
ရှောက်သီးနင့် ထန်းလျက် ရောက ကျွေးပေးရသည်
(၅) သွေးတိုးရောဂါရှင် များအတွက် ရှောက်သီးအလုံးကြီးတစ်လုံး၏ အတွင်းသားများ
ထန်းလျက်အစိတ်သား ဆားခါးငါးဆယ်သား
ကွမ်းရွက် သတ္တုရည် တစ်ဆယ်သားတို့ကို
စုရော ထောင်းပြီးတစ်နေ့ နေလှန်းပေးရသည် မနက် ဟင်းစားဇွန်း
တစ်ဇွန်း ညဟင်းစားဇွန်းတစ်ဇွန်း မှန်မှန်
သောက် ခြင်းဖြင့် သွေးတိုးရောဂါမှ
ပျောက် ကင်းစေပါသည်
(၆) ရှောက်ခွံများကိုပါးပါးလှီးကာ အ ခြောက်
လှန်းရသည် ခြောက် သွေ့သွားလျှင် မီးတောက်အရက်နင့် ခုနစ်ရက် စိမ်ထားရသည်
လေငန်းကြောင့် ပါးရွဲ့ ပါးစပ်ရွဲ့ လက်ကပ်
လက် မြှောက်မရ ခြေတစ်ဖက်ဆွဲများကို
နေ့စဉ်မနက်တစ်ကြိမ ညတစ်ကြိမ် လိမ်းပေးခြင်း ဖြင့် သက်သာပျောက် ကင်း
စေပါသည်
(၇) သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည်
မပြစ်မကျဲထည့်ပါ ထိုသနပ်ခါးကို နေ့စဉ်
မှန် မှန်လိမ်းပေးခြင်းဖြင့် အသားအ ရေ
ချောမွေ့ပြီး  ဝက်ခြံတင်းတိတ် မှဲ့ခြောက်များ
ကို ပျောကိ ကင်းစေပါသည်#

Credit-Original writer

★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like
နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊

အားလုံးပဲအဆင်ပြေပါစေ။
မောင်ထွေး*ပျဉ်းမနား*

No comments:

Post a Comment

myat1500.m@gmail.com